ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်စာပေကို ကြိုက်သနည်း။
ကိုယ်ရည်သွေးလို၊ ပလွှားလို၍
သူ့ကိုမုန်းတီး၊ အမျက်ကြီး၍
ပုတီးဖြူစင်၊ ပြစားချင်၍
ယဉ်ပေ့စိတ်ကူး၊ စာသံကျူးလည်း
စိတ်ကူးယဉ်မျှ သာမည။
လောကကောင်းဆိုး၊ ကံသုံးမျိုး၏
ကျိုးပြစ်ချိန်လွှာ၊ အမြင်ပါ၍
မေတ္တာဓမ္မ၊ အမြင်ပြ၍
ဘသခြေခံ၊ စိတ်ကူးဥာဏ်ဖြင့်
ဖန်တီးပါမှ စာအလှ။
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်စာပေကို ကြိုက်သနည်း။
ကိုယ်ရည်သွေးလို၊ ပလွှားလို၍
သူ့ကိုမုန်းတီး၊ အမျက်ကြီး၍
ပုတီးဖြူစင်၊ ပြစားချင်၍
ယဉ်ပေ့စိတ်ကူး၊ စာသံကျူးလည်း
စိတ်ကူးယဉ်မျှ သာမည။
လောကကောင်းဆိုး၊ ကံသုံးမျိုး၏
ကျိုးပြစ်ချိန်လွှာ၊ အမြင်ပါ၍
မေတ္တာဓမ္မ၊ အမြင်ပြ၍
ဘသခြေခံ၊ စိတ်ကူးဥာဏ်ဖြင့်
ဖန်တီးပါမှ စာအလှ။